ဤပညာပေးဗီဒီယိုများသည် အထွေထွေဗဟုသုတနှင့် အချက်အလက်များအတွက်သာ ဖြစ်ပါသည်။ ၎င်းတို့သည် ကျန်းမာရေးအကြံဉာဏ်ပေးခြင်း မဟုတ်ပါ။ ကျန်းမာရေးနှင့် ပတ်သက်သော မေးခွန်းများ သို့မဟုတ် အကြံဉာဏ်များအတွက် အမြဲတမ်း သင့်ဆရာဝန် သို့မဟုတ် အခြားကျန်းမာရေးစောင့်ရှောက်မှုပညာရှင်နှင့် တိုင်ပင်ပါ။ ကျန်းမာရေးပညာပေးသတင်းစကားများ လက်မခံလိုပါက၊ “STOP”ဟု အကြောင်းပြန်၍ မည်သည့်အချိန်တွင်မဆို စာရင်းပေးသွင်းခြင်းမှ ထွက်နိုင်ပါသည်။
ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်အသိပေးစာ
Minnesota Department of Health (MDH) ကျန်းမာရေးဌာနအောက်ရှိ Minnesota Center of Excellence in Newcomer Health သည် သင့်အား ကျန်းမာရေးပညာပေးဗီဒီယိုများ ပုံမှန်ပို့ပေးရန် သင်နှစ်သက်ရာ ဘာသာစကားနှင့် ဖုန်းနံပါတ်ကို တောင်းဆိုပါသည်။ သင့်ဖုန်းနံပါတ်ကို Minnesota Statues, section 13.356 အရ ကိုယ်ရေးကိုယ်တာအချက်အလက်အဖြစ် သတ်မှတ်ထားပါသည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို MDH ဝန်ထမ်းများ၊ နည်းပညာအထောက်အပံ့ပေးသူများ သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသော အဖွဲ့အစည်းများမှသာ အသုံးပြုနိုင်ပါသည်။ ဤအချက်အလက်များကို တရားရုံးအမိန့်ဖြင့် သို့မဟုတ် ပြည်နယ် စာရင်းစစ်များအား ပေးအပ်နိုင်ပါသည်။ ဤအချက်အလက်များကို ဖြည့်စွက်ခြင်းသည် သင့်ဆန္ဒအလျောက်ဖြစ်ပါသည်။ သင့်ဖုန်းနံပါတ် သို့မဟုတ် ဘာသာစကားအချက်အလက်ကို မဖြည့်လိုပါက၊ ကျန်းမာရေးပညာပေးဗီဒီယိုများ လက်ခံရရှိမည် မဟုတ်ပါ။
အသိအမှတ်ပြုချက်
စာရင်းသွင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် ဤကိုယ်ရေးကိုယ်တာ အချက်အလက် သတိပေးချက်ကို ဖတ်ရှုနားလည်ပြီး MDH အား သင့်စာရင်းသွင်းအချက်အလက်များကို အထက်ဖော်ပြပါအတိုင်း စုဆောင်း၊ သိမ်းဆည်းနှင့် အသုံးပြုရန် သဘောတူညီကြောင်း အသိအမှတ်ပြုပါသည်။